07 October, 2018

How to create your own blog? - (part 3)

သင့် ကိုယ်ပိုင် blog တစ်ခုကို ဘယ်လို ဖန်တီးမလဲ (အပိုင်း-၃)

ကိုယ်ပိုင် blog တွင် post တစ်ခု ဖန်တီးခြင်း

Step 1. Screen ရဲ့ ဘယ်ဘက်ခြမ်းမှာရှိတဲ့ menu တွေထဲက Posts အား click နှိပ်ပါ။
ထို့နောက် New post ဟုဖော်ပြထားသော button အား click နှိပ်ပါ။

Step 2. Post ဟု ဖော်ပြထားသော စာသား၏ ညာဘက်ကပ်လျက်တွင်ရှိသော text box ထဲတွင် သင်ဖန်တီးမည့် post ၏ ခေါင်းစဉ်အား ရိုက်ထည့်ပါ။

Step 3. စာလုံးအရွယ်အစား ပြောင်းခြင်း၊ စာသား အရောင် ပြောင်းခြင်း နှင့် link ထည့်သွင်းခြင်း စသဖြင့် လုပ်ဆောင်ချက်များ ပါဝင်သော text editor ထဲတွင် သင်၏ post အား ရေးသားဖန်တီးရန် Compose ဟုဖော်ပြထားသော button အား click နှိပ်ပါ။ အကယ် သင်သည် HTML language ကို နားလည် တတ်ကျွမ်းပြီး post အား HTML ဖြင့် ဖန်တီးလိုလျင် HTML ဟုဖော်ပြထားသော button အား click နှိပ်ပြီး ရေးသားဖန်တီးနိုင်ပါသည်။

 🕯သင့် ကိုယ်ပိုင် blog တစ်ခုကို ဘယ်လို ဖန်တီးမလဲ (အပိုင်း-၄) အနေနဲ့ (သင့် blog ကို လူသိများ အောင်မြင်အောင် လုပ်ဆောင်းခြင်း တစ်ခုဖြစ်တဲ့) သင့် blog မှာတင်လိုက်တဲ့ post တွေကို facebook မှာ အလိုလျောက် ဘယ်လိုမျှဝေ(share)မလဲဆိုတာကို ဆက်လက် မျှဝေ ပေးပါမည်။

ခင်မင်စွာဖြင့်
Ko Aung [ATK]
ATK IT Solution & Training 

www.facebook.com/atkitsolution.com
🌐 http://atkmm.com/
☎️ 09 4200 60 686, 09 4513 111 22

02 October, 2018

How to create your own blog? - (part 2)

သင့် ကိုယ်ပိုင် blog တစ်ခုကို ဘယ်လို ဖန်တီးမလဲ (အပိုင်း-၂)

ကိုယ်ပိုင် blog တစ်ခု ဖန်တီးခြင်း

 
ငွေကုန်ကြေးကျ သက်သာစေရန်အတွက် ယခု ဆောင်းပါးတွင် အခမဲ့ အသုံးပြုနိုင်သော Blogger ဟုခေါ်သော blogging platform တွင် blog တစ်ခုကို ဖန်တီးပြသွားမှာ ဖြစ်ပါတယ်။

မှတ်ချက်။
အခမဲ့ ၀န်ဆောင်မှုပေးတဲ့ blogging platform တွေကို သုံးတဲ့အခါမှာ ကြိုတင်သိထားသင့်တာ တချို့ ရှိပါတယ်။
 

  • sub domain သာ အသုံးပြုရတာကြောင့် သင့် blog ရဲ့  လိပ်စာက အနည်းငယ်ရှည်လျားပြီး မှတ်ရခက်တာမျိုးဖြစ်နိုင်ပါတယ်။ (ဥပမာ။ yourfreeblog.blogspot.com)

  • ကိုယ်ပိုင် domain နဲ့ အသုံးပြုချင်တယ်ဆိုရင် ငွေကြေးပမာဏတစ်ရပ် ပေးဆောင်ရလေ့ရှိပါတယ်။

  • သင့်ရဲ့  blog ကို သင်အသုံးပြုနေတဲ့ free blogging platform က အချိန်မရွေး ပိတ်သိမ်းခွင့်ရှိပါတယ်။

  • free blog တော်တော်များများမှာ ကြော်ငြာတင်ခွင့် မပြုတာကြောင့် free blog ကနေ ၀င်ငွေရှာဖွေရာမှာ အခက်အခဲရှိနိုင်ပါတယ်။

 

Blog တစ်ခုကို ဖန်တီးပုံကို လေ့လာရ လွယ်ကူအောင် screen shot များဖြင့် တစ်ဆင့်ချင်း ပြသသွားပါမည်။

Step 1. Blogger သို့သွားပါ။ (browser  ရဲ့ address bar တွင် www.blogger.com ဟုရေးပြီး enter နှိပ်ပါ။)

 

အောက်တွင် ဖော်ပြထားသော ပုံအတိုင်း မြင်တွေ့ရပါမည်။

Step 2. Screen ရဲ့ အလယ်နားမှာရှိတဲ့ CREATE YOUR BLOG ဟုဖော်ပြထားသော button အား click ပါ။

အာက်တွင် ဖော်ပြထားသော ပုံအတိုင်း မြင်တွေ့ရပါမည်။ 

  •  သင်၏ email (သို့မဟုတ်) ဖုန်းနံပါတ်အား ရိုက်ထည့်ပြီး Next button အား နှိပ်ပါ။

  • နောက်ထပ်မြင်ရသော screen တွင် သင်၏ password အား ရိုက်ထည့်ပြီး Next button အား နှိပ်ပါ။

  • profile type တွင် Google+ profile (သို့မဟုတ်) Blogger profile ၂ မျိုးမှ ၁ မျိုးအားရွေးချယ်ပါ။ (ယခုဆောင်းပါးတွင် Google+ Profile အား ရွေးချယ်ထားပါသည်။)

 အောက်တွင် ဖော်ပြထားသော ပုံကဲ့သို့ screen တစ်ခုအား ဆက်လက်မြင်တွေ့ရပါမည်။
ထို screen တွင် တွေ့ရသော CREATE PROFILE ဟုဖော်ပြထားသော button အား နှိပ်ပါ။

  •  နောက်ထပ် မြင်တွေ့လာရသော screen များတွင် ဖော်ပြလာသည့် အဆင့်များအတိုင်း လုပ်ဆောင်ပြီး Google+ profile (သို့မဟုတ်) Blogger profile တစ်ခု ဖန်တီးနိုင်ပါသည်။

 
Step 3. Continue to Blogger ဆိုသော button အား နှိပ်ပါ။

သင် gmail account အား create လုပ်ခဲ့စဉ်က သင်ဖြည့်စွက်ခဲ့သော အချက်အလက်များအပေါ် မူတည်ပြီး အောက်တွင် ဖော်ပြထားသော screen ၂ မျိုးထဲမှ ၁ မျိုးနှင့် ဆင်တူသော screen အား ဆက်လက် မြင်တွေ့ရပါမည်။
 

အောက်တွင် ဖော်ပြထားသော screen ကဲ့သို့ မြင်ရလျှင် Continue to Blogger ဆိုသော button အား နှိပ်ပါ။

Screen 1.

(သို့မဟုတ်)

အောက်တွင် ဖော်ပြထားသော screen ကဲ့သို့ မြင်ရလျှင်
သင် စာဖတ်ပရိသတ်များ သင့်အား မှတ်မိစေလိုသော အမည်အား Display Name ဟုဖော်ပြထားသော စာသား၏ ဘေးရှိ text box တွင် ရိုက်ထည့်ပြီး Continue to Blogger ဆိုသော button အား နှိပ်ပါ။
Screen2.

Step 4. Screen ရဲ့ အောက်ဘက်နားရှိ CREATE NEW BLOG ဟုဖော်ပြထားသော button အား click ပါ။

Step 5. သင့် blog အတွက် ခေါင်းစဉ်(Title) နှင့် စာဖတ်သူများအား သင့် blog ထံသို့ ညွှန်ရန် URL(Address) တို့ကိုဖြည့်ပြီး ကြိုက်နှစ်သက်ရာ Theme တစ်ခုအား ရွေးချယ် Create blog! ဟုဖော်ပြထားသော button အား click ပါ။

အထက်ပါ အဆင့်များအတိုင်း လုပ်ဆောင်ပြီးလျှင် သင့် ကိုယ်ပိုင် blog တစ်ခုအား  အောင်မြင်စွာဖန်တီးပြီးပါပြီ။

သင်၏ blog အား customize လုပ်ရန်နှင့် setting အချို့အား adjust လုပ်ရန် bonus အနေဖြင့် ဆက်လက် ဖော်ပြပေးသွားပါမည်။


Bonuses

Bonus 1. သင် blog အား အခြေခံ template တွင်ပါဝင်သော အရာများအပြင် ပိုမိုပြည့်စုံ လှပအောင် လုပ်ဆောင်ရန် Screen ၏ ဘယ်ဘက် အောက်ခြေနားတွင်ရှိသော Theme မှတဆင့် ၀င်ရောက်ပြီး customize လုပ်နိုင်ပါသည်။ ပိုမို စုံလင်သော template များအားလဲ ရွေးချယ်အသုံးပြုနိုင်ပါသည်။

Customize ဟုဖော်ပြထားသော button အား click နှိပ်ပြီး သင့် blog ၏ အသွင်အပြင်အား ပြင်ဆင်နိုင်ပါသည်။
အကယ်
သင်သည် HTML language ကို တတ်ကျွမ်းသူဆိုလျှင် Edit HTML button အား click နှိပ်ပြီး ၀င်ရောက် ပြင်ဆင်နိုင်ပါသည်။

Bonus 2. Settings မှတဆင့် ၀င်ရောက်ပြီး language ကဲ့သို့သော setting များအား adjust လုပ်နိုင်ပါသည်။

Bonus 3. သင်၏ blog တွင် သင်၏ မိတ်ဆွေများမှသော်လည်းကောင်း၊ အခြား contributor များမှသော်လည်းကောင်း၊ အခြား author များမှသော်လည်းကောင်း ပါဝင်ကူညီစေလိုလျှင် Settings အောက်တွင်ရှိသော Basic ကို click နှိပ်ပါ။ ထို့နောက် +Add authors ဟုဖော်ပြထားသော link အား click နှိပ်ပါ။

မိမိ၏ contact list ထဲတွင်ရှိသော သူအား invite လုပ်လိုလျှင် Choose from Contacts ဟုဖော်ပြထားသော button အား click နှိပ်ပြီးရွေးချယ် invite လုပ်နိုင်ပါသည်။
မိမိ၏ contact list ထဲမှမဟုတ်သော အခြားသူ တစ်ဦးအား ၄င်း email address မှတဆင့် invite လုပ်လိုလျှင် +Add author အောက်ရှိ text box ထဲတွင် မိမိဖိတ်ကြားလိုသောသူ၏ email address ကို ရိုက်ထည့်ပြီး Invite authors ဟုဖော်ပြထားသော button အား click နှိပ်ပါ။

 

🕯သင့် ကိုယ်ပိုင် blog တစ်ခုကို ဘယ်လို ဖန်တီးမလဲ (အပိုင်း-၃) ဖြစ်တဲ့ သင့် blog မှာ post တွေ၊ စာမျက်နှာတွေ ဖန်တီးခြင်း အား ဆက်လက်မျှဝေပေးပါမည်။ 


ခင်မင်စွာဖြင့်
Ko Aung [ATK]
ATK IT Solution & Training 

www.facebook.com/atkitsolution.com
🌐 http://atkmm.com/
☎️ 09 4200 60 686, 09 4513 111 22