28 September, 2018

How to create your own blog? - (part 1)

သင့် ကိုယ်ပိုင် blog တစ်ခုကို ဘယ်လို ဖန်တီးမလဲ (အပိုင်း-၁)




ကိုယ်ပိုင် blog တစ်ခုကို ဖန်တီးမယ်ဆိုရင်
  1. ပထမဆုံးအနေနဲ့  မည်သည့် blogging platform ကို အသုံးပြုမယ်ဆိုတာကို ရွေးချယ်ရပါမယ်။
  2. ဒုတိယ အဆင့်အနေနဲ့  blog တစ်ခုကို စတင်ဖန်တီး ရပါမယ်။
  3. ဆက်လက်ပြီး သင့် blog မှာ post တွေ၊ စာမျက်နှာတွေ ဖန်တီးရပါမယ်။
  4. အပေါ်က အချက်တွေ လုပ်ဆောင်ပြီးပြီဆိုရင်တော့ သင့် blogကို လူသိများ၊ အောင်မြင်အောင် စတင်လုပ်ဆောင်ရပါမည်။ 

Part 1. သင့်လျော်သော Blogging platform ရွေးချယ်ခြင်း


Blogger:
Tumblr:
WordPress:
စသည်တို့နှင့် အခြား blogging platform တွေအများအပြားရှိပါတယ်။

Bloggerလို့ခေါ်တဲ့ blogger.com က လူသိများပြီး အခမဲ့ အသုံးပြုလို့ ရတဲ့ blog site တစ်ခုဖြစ်ပါတယ်။ လက်ရှိမှာ Google ကုမ္ပဏီမှ ၀န်ဆောင်မှု ပေးနေတာ ဖြစ်တဲ့အတွက် ယုံကြည်စိတ်ချရမှု ရှိပါတယ်။ စတင် အသုံးပြုဖို့အတွက် ရိုးရှင်း လွယ်ကူပါတယ်။

ယေဘုယျအားဖြင့် blog တွေကို blogspot.com ရဲ့ subdomain မှာ host လုပ်ပေးပါတယ်။ (ဥပမာ : example.blogspot.com) 

မိမိကိုယ်ပိုင် domain ကိုပဲ အသုံးပြုချင်တယ် ဆိုရင်လဲ အသုံးပြုနိုင်ပါတယ်။ (ဥပမာ : www.mydomain.com)

blogger.com နဲ့  blogspot.com ကို တစ်ခါတစ်ရံမှာ အတူတူပဲလို့  ယူဆကြပါတယ်။ ဘာကြောင့်လဲဆိုရင် browser ကနေ www.blogger.com ကို ၀င်ကြည့်ရင်ပဲဖြစ်ဖြစ်  www.blogspot.com ကို ၀င်ကြည့်ရင်ပဲဖြစ်ဖြစ် www.blogger.com ဆိုတဲ့ website ထံကိုပဲ ရောက်သွားတဲ့ အတွက်ကြောင့်ပါ။ ဒီလိုဆို ထို ၂ ခုကြားက ကွာခြားချက်က ဘာဖြစ်မလဲဆိုတာ သိချင်သူတွေအတွက် အနည်းငယ် ရှင်းပြပါ့မယ်။
      
    Blogger (www.blogger.com) ဆိုတာက publishing platform တစ်ခုဖြစ်ပါတယ်။ ဒီနေရာမှာ publishing platform ဆိုတာက website တစ်ခုအတွင်းမှာ ဆောင်းပါး(article)တွေ၊ web စာမျက်နှာတွေကို ဖန်တီးဖို့အတွက် tool တွေ စုံလင်စွာပါဝင်တဲ့ platform ကို ဆိုလိုတာပါ။ ဒီ platform ကို အသုံပြုမယ်ဆိုရင် Blogspot နဲ့ မဖြစ်မနေတွဲသုံးဖို့ မလိုပါဘူး။ အထက်မှာ ပြောခဲ့သလို မိမိရဲ့ ကိုယ်ပိုင် domain နဲ့ တွဲသုံးလို့လဲ ရပါတယ်။ (ဥပမာ : www.mydomain.com)
  
          Blogspot (www.blogspot.com) ဆိုတာကတော့ အခမဲ့ အသုံးပြုနိုင်တဲ့ domain ၀န်ဆောင်မှုဖြစ်ပါတယ်။ Google ကပဲ ထောက်ပံ့ပေးတာပါ။ sub domain ကိုပဲ အခမဲ့ ထောက်ပံ့ ပေးတာပါ။ (ဥပမာ : example.blogspot.com) www.blogspot.com ကို ၀င်ကြည့်မယ် ဆိုရင်တော့ www.blogger.com ဆိုတဲ့ website ထံသို့ ပဲ ရောက်ရှိသွားမှာပါ။ ဘာကြောင့်လဲဆိုရင် Blogspot ၀န်ဆောင်မှုကို Blogger ကနေတဆင့်သာ အသုံးပြုခွင့်ရှိလို့ ပါ။ Blogspot ၀န်ဆောင်မှုကို အခြား publishing platform တွေနဲ့ တွဲဖက် အသုံးပြုလို့ မရပါဘူး။ ဒါကတော့ company အခွဲ တစ်ခုနှင့် တစ်ခု အပြန်အလှန် ထောက်ပံ့ပေးဖို့ အတွက် Google company ရဲ့   marketing ဗျူဟာကြောင့်လို့ ပဲ ယူဆနိုင်ပါတယ်။

အကျဉ်းချုပ်အနေနဲ့  သုံးသပ်မယ်ဆိုရင်တော့
Blogger ဆိုတာက အခမဲ့ အသုံးပြုနိုင်တဲ့ publishing platform တစ်ခုဖြစ်ပြီး၊
Blogspot ဆိုတာကတော့ အခမဲ့ အသုံးပြုနိုင်တဲ့ domain ၀န်ဆောင်မှုဖြစ်ပါတယ်။
Blogspot ၀န်ဆောင်မှုကို Blogger ကနေတဆင့်သာ အသုံးပြုခွင့်ရှိပေမယ့်
Blogger ကိုအသုံးပြုဖို့အတွက်တော့ Blogspot နဲ့ မဖြစ်မနေတွဲသုံးဖို့ မလိုပါဘူး။
      
     WordPress blogging platform ကတော့ ယနေ့ ခေတ်မှာ လူသိ များပါတယ်။  WordPress ဆိုတာကလဲ publishing platform တစ်ခု ဖြစ်ပါတယ်။ WordPress.com နဲ့  WordPress.org ၂ မျိုးထဲက ကိုယ့်အတွက် သင့်တော်တဲ့ တစ်မျိုးကို ရွေးချယ်အသုံးပြုရမှာပါ။ ဒီ ၂ ခုရဲ့  ကွာခြားချက်တွေကို အသေးစိတ် ပြောနေမယ်ဆိုရင် "သင့် ကိုယ်ပိုင် blog တစ်ခုကို ဘယ်လိုဖန်တီးမလဲ" ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ သွေဖယ်သွားမှာ စိုးတာကြောင့် အခုလောလောဆယ် ကွာခြားချက် အကျဉ်းချုပ်လောက်ကိုပဲ ပြောပါ့မယ်။

၁.    စီးပွားရေးလုပ်ငန်းအတွက်ဆိုရင်တော့ WordPress.org ကိုပဲ သုံးသင့်ပါတယ်။ domain နဲ့  hosting အတွက်တော့ ကုန်ကျစရိတ်ရှိပါမယ်။ Customize လုပ်ချင်ရင်တော့ html, css, PHP စတဲ့ language တွေနဲ့  MySQL Database အကြောင်းတွေကို အတိုင်းအတာတစ်ခုအထိ နားလည် တတ်မြောက်ဖို့ လိုပါမယ်။ မိမိကိုယ်တိုင် မလေ့လာချင်ရင်တော့ Web Development လုပ်ငန်းတစ်ခုခုကို အလုပ်အပ်တာ၊ ဒါမှမဟုတ် freelance developer တစ်ယောက်ကို ငှါးရမ်းတာမျိုးလဲ လုပ်နိုင်ပါတယ်။

၂.      personal blog သဘောမျိုးလောက်ပဲ အသုံးပြုချင်တယ်၊ ငွေကုန်ကြေးကျလဲ သက်သာချင်တယ် ဆိုရင်တော့ WordPress.com ရဲ့  Free plan ဒါမှမဟုတ် Personal plan ကို ရွေးချယ်အသုံးပြုလို့ ရပါတယ်။

ဒီလောက်ဆိုရင် blogger.com, blogspot.com, wordpress.org, wordpress.com စသည်တို့ နဲ့ ပါတ်သက်ပြီး အထိုက်အလျောက် သိရှိပြီး မိမိနဲ့  မည်သည့် blogging platform က သင့်တော်မယ် ဆိုတာကို ဆုံးဖြတ်ဖို့  အတိုင်းအတာ တစ်ခုအထိ အထောက်အကူ ဖြစ်မည်လို့  မျှော်လင့်ပါတယ်။


🕯သင့် ကိုယ်ပိုင် blog တစ်ခုကို ဘယ်လို ဖန်တီးမလဲ (အပိုင်း-၂) ဖြစ်တဲ့ ကိုယ်ပိုင် blog တစ်ခု ဖန်တီးခြင်း အား ဆက်လက်မျှဝေပေးပါမည်။

ခင်မင်စွာဖြင့်
Ko Aung [ATK]
ATK IT Solution & Training 

www.facebook.com/atkitsolution.com
🌐 http://atkmm.com/
☎️ 09 4200 60 686, 09 4513 111 22

No comments:

Post a Comment