28 September, 2018

What is a blog?

Blog(ဘလော့) ဆိုတာဘာလဲ



      Blog ဆိုတဲ့ ဝေါဟာရကတော့ weblog ဆိုတဲ့ စကားလုံးရဲ့ အတိုကောက်လို့လဲ ပြောလို့ ရပါတယ်။ Web ပေါ်မှာ သင့်ရဲ့   log(မှတ်တမ်း) file လေးတွေ ထားပါဆိုတဲ့ သဘောပေါ့။

     သင့်ရဲ့ အကြောင်း၊ အတွေ့အကြုံ၊ အတွေးအခေါ်၊ ခံစားချက် စတာတွေကို online ကနေတဆင့် မျှဝေချင်တဲ့အခါမှာပဲဖြစ်ဖြစ်၊ Web ပေါ်မှာ သင့်ရဲ့ နေ့ စဉ်မှတ်တမ်း(personal diary) တစ်ခုအနေနဲ့ ထားချင်လို့ ပဲဖြစ်ဖြစ် အသုံးပြုလို့ ရတဲ့ ကိုယ်ပိုင် website လေးတစ်ခုပါပဲ။

     သတင်းအချက်အလက်(information) တွေကို မျှဝေလို့ ရတဲ့ နည်းလမ်းတွေထဲက တစ်ခုလို့ ပြောရင်လဲ မမှားပါဘူး။ အကြောင်းအရာ တစ်ခုအပေါ်မှာ လူတစ်ဦး (သို့မဟုတ်) တစ်ဦးထက်ပိုသော သူတွေက မိမိတို့ ရဲ့ အမြင်တွေကို မျှဝေလို့ ရတဲ့ platform တစ်ခုအနေနဲ့လဲ အသုံးပြုကြပါတယ်။

👉 Blog တစ်ခုရဲ့ ဖွဲ့ စည်းပုံ (blog structure)

 

      Blog တစ်ခုရဲ့ အသွင်အပြင်ကတော့ အခါအားလျော်စွာ ပြောင်းလဲတတ်လေ့ ရှိပါတယ်။ ယနေ့ ခေတ် blog တွေမှာတော့ အကြောင်းအချက် အမျိုးမျိုး ပါဝင်လေ့ရှိပါတယ်။ Blog တစ်ခုမှာ ပါဝင်လေ့ရှိတဲ့ feature တွေကတော့ အောက်မှာ ဖော်ပြထားတဲ့ အတိုင်းဖြစ်ပါတယ်။

✅ menu (သို့ မဟုတ်) navigation bar ပါဝင်တဲ့ ခေါင်းစီးပိုင်း
✅ စိတ်ဝင်စားဖွယ်ကောင်းတဲ့ (သို့ မဟုတ်) နောက်ဆုံး ရေးသားထားတဲ့ အကြောင်းအရာတွေ ပါဝင်တဲ့ အဓိက အပိုင်း
✅ social profiles, favorite content စသဖြင့် ပါဝင်တဲ့ sidebar
✅privacy policy, contact page စသဖြင့် ဆက်စပ်သော link များပါဝင်တဲ့ အခြေပိုင်း(footer) စသဖြင့် ပါဝင်လေ့ရှိပါတယ်။

 

👉 Blog တစ်ခုရဲ့ အင်္ဂါရပ်များ (blog characteristics)

 

✅ မှတ်တမ်းများ (archives)
      Blog တစ်ခုရဲ့ ရှေ့ဆုံး စာမျက်နှာမှာတော့ လတ်တလော ရေးသားထားတဲ့ ဆောင်းပါး(article) တွေနဲ့  အခြား ဆောင်းပါးတွေကို ဆက်လက် ကြည့်ရှုဖို့   link တွေကို တွေ့ ရလေ့ ရှိပါတယ်။ 
     Blog ပေါ်မှာ information တွေကို ဖော်ပြပေးရာမှာတော့ နောက်ဆုံး ရေးသားထားတဲ့ အကြောင်းအရာတွေကို အရင်ဆုံး ဖော်ပြပေးတဲ့နည်း( reverse chronological order) နဲ့ ဖော်ပြပေးပါတယ်။ သင့်ကိုယ်ပိုင် blog တစ်ခုမှာ ဆောင်းပါး/အကြောင်းအရာ အသစ်တစ်ပုဒ် ရေးတင်တဲ့အခါမှာ အဲဒီ ဆောင်းပါးက သင့် blog ရဲ့  ပထမဆုံး စာမျက်နှာမှာ ဖော်ပြလေ့ရှိပါတယ်။ 
     အခြား ဆောင်းပါးတွေ ထပ်မံ ရေးတင်တဲ့အခါမှာတော့ ရှေ့ကတင်ထားတဲ့ ဆောင်းပါး အဟောင်းတွေက နောက်ဖက် စာမျက်နှာတွေဆီ တဖြည်းဖြည်း ရောက်ရှိ သွားပါလိမ့်မယ်။

  မှတ်ချက်များ (comments)
      စာဖတ်သူတွေရဲ့ ဝေဖန်အကြံပြုချက်တွေကတော့ စာရေးသူ(blogger) တွေအတွက် အင်မတန် အရေးပါ ပါတယ်။ စာဖတ်သူတွေရဲ့ ထင်မြင်ယူဆချက်တွေကို ၀င်ရောက်ရေးသားနိုင်ဖို့ အတွက် blog မှာ တင်ထားတဲ့ ဆောင်းပါးတွေရဲ့  အောက်ခြေမှာ comment ဆိုတဲ့ အပိုင်းပါဝင်လေ့ရှိပါတယ်။


🕯အထက်မှာ ဖော်ပြခဲ့တာတွေကတော့ ဘလော့(blog) ဆိုတာ ဘာလဲဆိုတဲ့ အပိုင်းဖြစ်ပြီး၊ ကိုယ်ပိုင် blog တစ်ခုကို ဘယ်လို ဖန်တီးရမလဲ ဆိုတာကို မကြာခင် ဆက်လက် မျှဝေ ပေးပါ့မယ်။

ခင်မင်စွာဖြင့်
Ko Aung [ATK]
ATK IT Solution & Training 

www.facebook.com/atkitsolution.com
🌐 http://atkmm.com/
☎️ 09 4200 60 686, 09 4513 111 22

2 comments: